Subscribe

RSS Feed (xml)

Comments:


Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, October 14, 2007

မေတ္တာသုတ်သစ်

လူအချင်းချင်း နှိပ်စက်ခြင်းမှ ကင်းဝေးနိုင်ကြပါစေလို့  ဘုရားသားတော် ရဟန်းသံဃာများ၊ ကျနုပ်တို့ နိုင်ငံသားတွေ က မေတ္တာတရား ပက်ဖြန်း ရွှတ်ဖတ်နေပေမယ့် စစ်အာဏာရှင်တို့ ၏ ရက်စက်စွာတုန့်် ပြန်မူမှာ အံ့မခန်း ယုတ်မာရိုင်းစိုင်း လှပေသည်။


ဒီလို ငြိမ်းချမ်းရေးရှေ့ ထား ရဟန်းတော်များဦးဆောင် ပြည်သူပြည်သားများက ယဉ်ကျေးစွာ မိမိတို့  သွေးသားချင်း လူသားအချင်းချင်း အမုန်း၊ အဓမ္မတရားများဖယ်ရှား၊ တဦးအပေါ်တဦး နှိပ်စက်ခြင်းများ မလုပ်ဖို့  ပြောဆိုနေတာကို ဘာကြောင့် ဒီငမိုက်သား စစ်ခေါင်းဆောင်များ နားမ၀င်ပဲ မယုံလောက်သော ရက်စက် အကြမ်းဖက်မူများဖြင့် ငြိမ်းချမ်းရေးရဟန်းတော်များအား ကိုယ်ထိလက်ရောက် စော်ကားတုန့် ပြန်ကြတာလဲလို့  လေးလေးနက်နက် ပြန်တွေးကြည့်တော့ ကျနုပ်တို့  ရွှတ်ဖတ်နေတဲ့ မေတ္တာသုတ် အသုံးအနူန်း မှားနေတာကို တွေ့ ရသည်။

ကျနုပ်တို့  လူအချင်းချင်း နှိပ်စက်ခြင်းမှ ကင်းဝေးနိုင်ကြပါစေလို့  ရွှတ်ဖတ်နေပေမယ့် ကျနုပ်တို့  ယနေ့ အချိန်အခါထိ နှိပ်စက်ခြင်း ခံရနေခြင်းမှာ ဒီ စစ်အာဏာရှင် အာဏာရူး ငမိုက်သားများမှာ လူသားစိတ်ကင်းမဲ့နေသော လူမဟုတ်တော့ သည့် မိစ္ဆာသရဲသဘတ်များ ဖြစ်နေသောကြောင့် ကျနုပ်တို့  မေတ္တာသုတ်မှာ မထိရောက်ခြင်းဖြစ်သည်။ ဒါကြောင့် အခုအချိန်မှစပြီး ကျနော်တို့  ပြောင်းဆိုရွှတ်ဖတ်သင့်သည်မှာ ကျနုပ်တို့ ”ပြည်သူပြည်သားများ လူစိတ်ပျောက် မိစ္ဆာသရဲသဘတ် အာဏာရူးများ၏ နှိပ်စက်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ” လို့  ပြောင်းလဲ ရွှတ်ဖတ်သင့်ပါကြောင်း အကြံပြုလိုက်ပါတယ်။

No comments: