Subscribe

RSS Feed (xml)

Comments:


Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, September 23, 2007

လွတ်မြောက်ရာလမ်း

ဗေဒင်မေးစရာမလို ယနေ့ မြင့်မြတ်သောရဟန်းသံဃာတော်များ၏ ကံဆောင်၊ နေ့ စဉ်ရက်ဆက် ငြိမ်းချမ်းစွာ မေတ္တာတရားတော်များ ရွတ်ဖတ် ဆန္ဒပြလုပ်ဆောင်မူများကြောင့် သာသနာဖျက် အယူတိမ်းပါး မိစ္စာဝါဒီ စစ်အာဏာရှင် ဗိုလ်သန်းရွှေတို့  လွတ်လပ်မရှိ ကိုယ့်တွင်းကိုယ်တူး ခရီးဆက်ရမည့် အခြေအနေရောက်နေပြီ။

အမှန်မှာ သူတို့ အဖို့  အချိန်မနှောင်းသေးပါ။ ကျနုပ်တို့  မြန်မာလူမျိုးစစ်စစ် ဘာသာ သာသနာ အမှန် ကိုင်းရှိုင်းကြသူတို့ မှာ လွန်ခဲ့သော ဗိုလ်သန်းရွှေ တို့  ပြစ်မှားကျုးလွန်းမူများကို ခွင့်လွတ်ပေး နိုင်သူများ ဖြစ်တယ်၊ ကြောက်စိတ်၊ မိုက်စိတ်များကို ရပ်တန့် ကာ၊ ရဟန်းသံဃာတော်များ၏ တိုက်တွန်း တောင်းဆို လမ်းညွန်းမူများအား အသာတကြည် လိုက်နာ၍ ဗုဒ္ဓရှင်တော်မြတ်တရားတော်နှင့်အညီ လူလူချင်း နှိပ်စက်မူများကို ထပ်မကျူးလွန်ကြတော့ပဲ မိမိအကျိုး၊ အများအကျိုး သတ္တ၀ါအပေါင်း ဘေးဒုက္ခအပေါင်းမှ လွတ်ငြိမ်းချမ်းသားရကြဖို့  ဥဏှောက်အသိစိတ်ဝင်ကာ ဒီမိုကရေစီခေါင်းဆောင်များနဲ့  စကားပြောဆိုလုပ်ကိုင်မူများဖြင့် ပြဿနာများကို ဖြေရှင်းခြင်းဖြင့် အပြစ်များအားလုံးမှ ကင်းလွတ်နိုင်ကာ၊ နိုင်ငံသားများ၏ မေတ္တာရှေ့ ထားခွင့်လွတ်ခြင်းကိုလည်း ရရှိပါလိမ့်မည်၊

ပြည်သူစစ်သည်တော်များဖြစ်လိုပါသလား

စစ်သားများသည် အမှန်စစ်စစ် ပြည်သူများ၏ ရန်သူမဟုတ်။ ယနေ့  ရဟန်းသံဃာတော်များ၊ ပြည်သူပြည်သားများသည် စစ်သားများကို တော်လှန်နေသည်မဟုတ်။ တရားမဲ့ စစ်အာဏာရှင်စနစ်၊ တိုင်းပြည်လူမျိုးအကျိုးမငဲ့သော စစ်ဝါဒီများကို တော်လှန်ပုန်ကန်နေခြင်းသာဖြစ်သည်။ စစ်အာဏာရှင်များ နှင့် စစ်ဝါဒီစနစ်သာလျှင် ပြည်သူတို့ ၏ ရန်သူမိစ္စာများဖြစ်သည်။ တိုင်းပြည်ဆင်းရဲတွင်းနစ်၊ နှစ်ပေါင်းများစွာ ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်နေသော ဖက်စစ်ဝါဒီစနစ် ဖျောက်ဖျက်ချိန်တန်ပြီ၊ ပြည်သူစစ်သည်များ ပြည်သူများနှင့် လက်တွဲကာ ကောင်းကျိုးမပေး စစ်ဝါဒီကို ပူးပေါင်းတွန်လှန်ကြပါ၊

မြန်မာပြည်သူပြည်သားအပေါင်း မင်းဆိုးမင်းညစ်များ အုပ်ချုပ်မူအောက်မှ အမြန်လွတ်မြောက်ပါစေ။ ပြည်သူ့ စစ်သားများ ဖြစ်ကြပါစေ။ မြင့်မြတ်သောရဟန်းသံဃာတော်များ ကျန်းမာချမ်းသာပါစေ။

No comments: