Subscribe

RSS Feed (xml)

Comments:


Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, September 24, 2007

ဓမ္မ အဓမ္မ တိုက်ပွဲ


နားထောင်လိုက်စမ်း
တို့ မြန်ပြည်တလွှာ
ဓမ္မတေးများ ပြန့် လွှင့်နေတာ၊

ကြည့်လိုက်စမ်း
တို့ မြန်ပြည်မြေတလွှာ
ဘုရားသားတော်တွေ
တရားတိုက်ပွဲဆင်နွှဲနေတာ၊

မြင်လိုက်စမ်း
တို့ မြန်ပြည်ကောင်ကင်ထက်
ငြိမ်းချမ်းရေးငှက်တွေ ၀ဲပြန်နေတာ၊

အမှောင်တိုက်ထဲ
ပြားပြားဝပ် ကြောက်လန့် နေတဲ့
တို့ ပြည်သူတွေ
ကြောက်တာတွေဖျောက်
ဆရာတော်ဘုရားများနောက်
တကောက်ကောက်လိုက်ပြီး
အဓမ္မ၀ါဒီများအား တိုက်ဖျက်ကြတော့။


ဓမ္မစစ်သည်များသို့ 

အမှောင်တိုက် အချုပ်အနှောင်းအောက်
တို့ တတွေဘ၀တွေအများကြီးပျက်ခဲ့ပေမယ့်
ဒီတပွဲက အောင်ပွဲဖြစ်တာမို့ 
တို့ တတွေ ကျောချင်းကပ်
ဘာမဟုတ်တဲ့ လက်တဆုတ်စာ
မိစ္စာဝါဒီ ဗိုလ်ယုတ်တစုကို
ရဟန်းမြတ်များ၏ တရား
တို့ ပြည်သူများ၏အားနှင့် ညီညီညာညာ တိုက်ပွဲဝင်ကြလော့။

No comments: